ကုန်အမှတ်တံဆိပ်

Trust Sport Brand ကို 2020 ခုနှစ် ဇန်နဝါရီလတွင် ကုန်ပစ္စည်းအမှတ်တံဆိပ် စတင်မှတ်ပုံတင်ခဲ့ပြီး ပြည်တွင်းအမှတ်တံဆိပ် တစ်ခုဖြစ်ပါသည်။ Trust မှအဓိကအနေဖြင့် Sports Wears များနှင့်ဆက်စပ်ပစ္စည်းများ ကိုတင်သွင်းရောင်းချလျှက်ရှိပါသည်။

 Mission

Trust Sports wears လုပ်ဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံလက်ရှိစျေးကွက်တွင် ပြင်ပမှတင်သွင်းသော Authentic ပစ္စည်း Nike,Adidas နှင့် Under Armour အမှတ်တံဆိပ် Sports Wears များ ရှိနေပြီးစျေးနှုန်းအားဖြင့် (၄ သောင်းကျပ် မှ သိန်းကျော်) ထိရှိပါသည်။ လူတိုင်းဝယ်ယူဖို့မတက်နို်င်ပါ။ တစ်ခြားနည်းလမ်းအရ စျေးသက်သာတာကို ရွေးချယ်ရမည်ဆိုလျှင် copy များသာရွေးချယ်ဝယ်ယူ အသုံးပြုရပါ သည်။ Copy ဆိုပေမယ့် စျေးနှုန်းက (၁ သောင်းခွဲမှာ ၂သောင်း)ဝန်းကျင်ဖြစ်ပါသည်။ Copy ဖြစ်သည့် အားလျှော်စွာ Quality မကောင်းခြင်း ဝတ်ဆင်ရလျှင်လည်း Confidence မရှိခြင်းတို့ကိုကြုံတွေ့လျှက်ရှိပါသည်။
ထိုအတွက်ကြောင့် စျေးအသင့်အတင့် Quality ကောင်းကောင်းနှင့် ဝတ်ဆင်အသုံးပြုလျှင်လည်း Confidence ရှိစေရမည့် အချက်တွေပေါင်းပြီး Trust Sports Wears ကိုစတင်လုပ်ဖြစ်ရခြင်းဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံအတွက် အားကစားနှင့်ကျန်းမာရေးကဏ္ဍမှာ များစွာအရေးပါသလို မြန်မာနိုင်ငံတွင် အားကစားခန်းမများ အားကစားလုပ်ရှားမှုများကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လာကျသည့်အားလျှော်စွာ အားကစားလုပ်သူများအားလုံးအတွက်ရည်ရွယ်၍ ထုတ်လုပ်ရောင်းချလို ခြင်းဖြစ်ပါသည်။

Vision

မြန်မာနိုင်ငံမှ sport wears brand တစ်ခု ဂုဏ်ယူစွာဖြင့် အကောင်းဆုံးပုံဖော်၍ အားကစား နှင့်ကျန်းမာရေးကဏ္ဍကို အကောင်းဆုံးအ ထောက်ပံပေးရန် ရည်ရွယ်ပါသည်။ TRUST Sports_Wears ဘယ်အရာ ကိုအဓိကထားပြီးရောင်းချနေတာလဲဆိုတော့ဝယ်ယူသူများ ဝယ်ဝတ်လိုက်ရင်ပြန်ရမယ့်အကျိုးကျေးဇူးတွေကိုအဓိကထားပြီးရောင်းချပေးနေပါတယ်။

 

တစ်ဆင့်ပြန်လည် ရောင်းချလိုသူများအတွက်လည်း အောက်ပါ channel များမှတစ်ဆင့်ဆက်သွယ်စုံစမ်းနို်င်ပါတယ်။

M : +95 9 960 412223
E : [email protected]
FB : TrustStoreMyanmar

 

Get In Touch